မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂၅ ခုကို မန္တလေး PDF သိမ်း

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂၅ ခုကို မန္တလေး PDF သိမ်း

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၂၅)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ရရှိကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ စခန်းသာ တပ်စခန်း၊ ကျောက်မဏ္ဍပ် တပ်စခန်း၊ စပါးကျည်တောင် တပ်စခန်း၊ ကျောက်ကြမ်းတောင် တပ်စခန်း၊ ငွေပုထိုး တပ်စခန်း၊ ရှင်မတောင် တပ်စခန်း၊ နဂါးပတ် တပ်စခန်း၊ နွားခြံကုန်း တပ်စခန်း၊ ဝန်တင်ကုန်း တပ်စခန်း၊ လက်သန်းတောင် တပ်စခန်း၊ ခြေတော်ရာ တပ်စခန်း၊ ကိုရင်လေးတောင် တပ်စခန်း၊ ကင်းရွာ တပ်စခန်း၊ ဆည်တော်လမ်းခွဲရှိ တပ်စခန်း၊ ရေနံ့သာ တိုးဂိတ်၊ ရေနံ့သာ ရဲစခန်းနှင့် ပတ်လည်အင်း တပ်စခန်းတို့အပါအဝင် တပ်စခန်း စုစုပေါင်း (၂၅)ခုတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်းမှ (၁၂၀)မမ စိန်ပြောင်း (၁)လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်း ဆည်းရရှိသည်ဟု သိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့နှင့် SSTF တပ်ဖွဲ့တို့မှလည်း ပူးပေါင်းတိုက်ပွဲဝင် တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထို့အပြင် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပသစ(ပျူစောထီး)အဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချ အလင်းဝင်မှုများ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)