စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များကို NUG မှ အမည်ပျက်စာရင်းကြေညာ

စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိသည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များကို NUG မှ အမည်ပျက်စာရင်းကြေညာ

စစ်ကောင်စီနှင့် တက်ကြွစွာ ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပြီး ကျင့်ဝတ်ဖောက်ဖျက်သည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များကို

အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနမှ ယနေ့ ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အမည်ပျက်စာရင်း ကြေညာချက်ထုတ်ပြန်သည်။

အမည်ပျက်စာရင်းကြေငြာခံရသည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီ(၁၇)ခုသည် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်းနှင့် လုပ်အားခ၏ ၂၅% အား မိသားစုထံ လွှဲငွေအဖြစ် လွှဲပြောင်းပေးရန်ဟု အကြောင်းပြပြီး အလုပ်သမားများ၏ ချွေးနည်းစာများကို စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်းနှင့် ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုကို ပြီးမြောက်အောင် မလုပ်ဆောင် ခြင်း (ဥပမာ-လုပ်ငန်းခွင်သို့ရောက်အောင်မပို့ဆောင်ခြင်း)နှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို အချိန်နှင့်တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှုမရှိသည့်အတွက် Black List သွင်းရခြင်းဖြစ်ကြောင်း NUG မှ ဆိုသည်။

ဆက်လက်ပြီး အမည်ပျက်စာရင်း (BLACK LIST) သတ်မှတ်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်အရ သိရသည်။

#TachileikNewsAgency

Photo: NUG Myanmar