ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်၏ စစ်သင်္ဘော (၅)စီးမြောက်အဖြစ် ထပ်မံတိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့

Photo: AA Info Desk
Photo: AA Info Desk
ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်၏ စစ်သင်္ဘော (၅)စီးမြောက်အဖြစ် ထပ်မံတိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

 ရက္ခိုင့်တပ်တော်(AA)က ရေကြောင်းတိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏  စစ်သင်္ဘော နောက်ထပ်တစ်စီးကို ထပ်မံတိုက်ခိုက် ဖျက်ဆီး သိမ်းပိုက်နိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်အနေဖြင့် ပျက်စီးဆုံးရှုံးလိုက်ရသည့်  စစ်သင်္ဘော (၅)စီး တိတိရှိသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့က မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်၏ စစ်သင်္ဘော နောက်ထပ် (၁) စီး ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့၏ ရေကြောင်းတိုက်ပွဲအကြား AA က ဖေဖော်ဝါရီလ(၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးတွင် စစ်သင်္ဘော (၂) စီးနှင့် ဇက်သင်္ဘော (၁)စီး၊  ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် မင်းပြားမြို့နယ်၊ ပုလဲပေါက် ကျေးရွာအနီး ရေကြောင်းတိုက်ပွဲတွင် မြစ်ကြောင်းတစ်လျှောက်ကျေးရွာများကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေသည့်  စစ်သင်္ဘော (၁) စီး နှင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မင်းပြားမြို့နယ်အတွင်း စစ်သင်္ဘော နောက်ထပ် (၁) စီးကိုလည်း ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် စုစုပေါင်း စစ်သင်္ဘော(၅)စီးတိတိ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။