ကိုရီးယားမင်းသမီး Kim Go-eun ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်သန်း(၅၀)လှူဒါန်း

ကိုရီးယားမင်းသမီး Kim Go-eun ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်သန်း(၅၀)လှူဒါန်း

မြန်မာပရိတ်သတ်များအကြား ရေပန်းစားသည့် Guardian: The Lonely and Great God နှင့် Exhuma ကိုရီးယားဇာတ်လမ်းမှ မင်းသမီး Kim Go-eun က ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ဝမ်သန်း(၅၀)လှူဒါန်းသည်ဟု ကိုရီးယားသတင်းများက ဖော်ပြသည်။

အဆိုပါလှူဒါန်းငွေများကို မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ယမန်နေ့ကလည်း ကိုရီးယားမင်းသား Im Si-wan က မြန်မာငလျင်ဘေးသင့် ကလေးငယ်များအတွက် ဝမ်သန်း (၃၀)လှူဒါန်းသေးသည်။

မြန်မာ့ငလျင်ဘေးသင့် ကလေးငယ်များအား အရေးပေါ်အကူအညီပေးရေးကမ်ပိန်းတွင် မင်းသားက ရန်ပုံငွေထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း UNICEF ၏ ကိုရီးယားကော်မတီက ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီအထိ ရှာဖွေတွေ့ရှိထားသည့် လူသေဆုံးမှု အရေအတွက်မှာ (၂၇၁၉)ဦး ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency