ဂန္တဝင်တေးသံရှင် အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်

ဂန္တဝင်တေးသံရှင် အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်

ဂန္တဝင်တေးသံရှင် အဆိုတော်ကြီး ဒေါ်မာမာအေးသည် အမေရိကန်ပြည်ထောင်စု၊ ဖိုဒ်ဝိန်းမြို့နေအိမ်၌ မြန်မာစံတော်ချိန် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါ်မာမာအေးသည် ကွယ်လွန်ချိန်တွင် အသက်(၈၂)နှစ်ရှိပြီဖြစ်ပြီး ၎င်းသည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရလက်ထက် ၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရပြီး အမေရိကန်နိုင်ငံ၌ နေထိုင်ခဲ့ရသည်။

ထို့အပြင် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် “သံဃာတော်တွေသွေးမြေကျရပြီတဲ့ တကြော်ကြော်ဟစ်ကြွေးကြသံများ”ဆိုသည့် သီချင်းကို သီဆိုခဲ့သည်။

ဒေါ်မာမာအေးနှင့် နီးစပ်သူများကမူ ၎င်းသည် စကားပြောပြတ်သားသူ၊ သံမဏိစိတ်ဓာတ်ရှိသူဟု ချီးမွန်းကြသည်။

#TachileikNewsAgency