သမ္မတကြီးက AA စစ်ဦးစီးချုပ်ကို မွေးနေ့ဆုတောင်းစကားပါး၊ နိုင်ငံ့အပြောင်းအလဲ၏ ကနဦး ရောင်နီဦးကို မြင်တွေ့နေရသော ကာလဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆို

သမ္မတကြီးက AA စစ်ဦးစီးချုပ်ကို မွေးနေ့ဆုတောင်းစကားပါး၊ နိုင်ငံ့အပြောင်းအလဲ၏ ကနဦး ရောင်နီဦးကို မြင်တွေ့နေရသော ကာလဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆို
နိုဝင်ဘာ 7, 2023 | 2021 Military Coup

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်သည့် (၄၅)နှစ်ပြည့် မွေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတကြီးက ဆုတောင်းစကား ပြောဆိုလိုက်သည်။

သမ္မတကြီးက ပေးပို့သည့် မွေးနေ့ဆုတောင်းစာတွင် စနစ်ပြောင်းလဲရေးတွင် ပါဝင်နေသည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦး၏ မွေးနေ့တွင် အမှတ်တရစာရေးသားခွင့်ရသည့်အတွက် များစွာ ဝမ်းသာရသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ မြန်မာပြည်သူလူထု တိုင်းရင်းသားအပေါင်း ခံစားနေရသည့် ဖိနှိပ်သည့်စစ်အုပ်ချုပ်မှုဘဝမှ လွတ်မြောက်ရေးတွင် ကျန်းကျန်းမာမာဖြင့် ဆက်လက်ဦးဆောင်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းဆန္ဒပြုရင်းဟု ပေးပို့ထားသည်။

သမ္မတကြီးကပေးပို့သည့် မွေးနေ့ဆုတောင်းစာအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဝမ်းမြောက်ကြောင်း၊ ယနေ့အချိန်ကာလသည် မြန်မာပြည်တွင်း၌ စစ်ရေးအရှိန်အမြင့်ဆုံးသော ကာလဖြစ်သည့်အပြင် နိုင်ငံ့အပြောင်းအလဲ၏ ကနဦးရောင်နီဦးကို မြင်တွေ့နေရသော ကာလဖြစ်သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ထို့ကြောင့် AAအနေဖြင့် နိုင်ငံ့အပြောင်းအလဲကို လိုလားကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ဘုံရည်မှန်းချက်များကို အမြန်ဆုံး ဖြည့်ဆည်းစေရန် ပူးပေါင်းဆောင်ရွက်၍ ရသောသူများနှင့်လက်တွဲကာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUGကို ပြန်လည်ပေးပို့ထားသည်။

#TachileikNewsAgency

Photo : NUG