မြိုင်မြို့နယ် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မြိုင်မြို့နယ် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင် ထံမှ သိရသည်။

မြိုင်မြို့နယ် ကိုင်းတောမကျေးရွာတွင် စခန်းချနေပြီး မြိုင်စက်မှု (၂)သို့ ရေပေးနေသည့် ရေစက်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဇွန်လ (၂၄)ရက်နေ့ ညနေ (၅)နာရီခွဲခန့်တွင် ၎င်းတို့ခြင်းခတ်နေချိန်၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၆)လုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင်၊ မြိုင် ပကဖတပ်ရင်း ၁ ၊ ပခုက္ကူခရိုင် ရင်း ၆ /၇ ၊ MUGDF၊ ဇော်မိုက် BRAF နှင့် ဝံပုလွေအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency