ရွှေဘိုမြို့နယ်တွင် ပျူစောထီးများ နှစ်ကြိမ်မိုင်းခွဲခံရ 

ရွှေဘိုမြို့နယ်တွင် ပျူစောထီးများ နှစ်ကြိမ်မိုင်းခွဲခံရ 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က ပျူစောထီးများအား နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းက မင်း‌ဘေးရွာနှင့် မြို့လှရွာအကြား ဂျိုး‌‌မြေဇင်းရှိ ပျူစောထီးများ အထိုင်ချရာနေရာအား အဝေးထိန်းစနစ်ဖြင့် မိုင်း(၅)လုံးခွဲ တိုက်ခိုက်ခဲ့ပြီးနောက် ပန်းရံရွာမှထွက်လာသည့် ပျူစောထီးများအား ဇီးဖြူကုန်းအနောက်ဖက် မြို့လှဘုန်းကြီး‌‌ကျောင်းအနီးတွင် ပဒေသာမိုင်း(၅)လုံး၊ တိုက်မိုင်း (၄)လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Wild Tiger LPDF၊ Bo Ba Taw - SHWEBO LPDF အဖွဲ့၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး - ရွှေဘို LPDF၊နဂါးနီ အာဠာဝက - ရွှေဘို LPDF၊ ဝမ်ကြီးအဖွဲ့၊ ဘခတ်အဖွဲ့၊ မင်းဂေါင်အဖွဲ့၊ သီးလေးသီးအဖွဲ့၊ တောင်သူကြီးများအဖွဲ့နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၈)ရက်နေ့ကလည်း ရွှေဘိုမြို့ပေါ် ရှိ မြန်မာ့စီးပွားရေးဘဏ် ကင်းဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မြို့ပေါ် မစ်ရှင်များကို တိုးမြှင့်ဆောင်ရွက်သွားရန် ရှိနေသဖြင့် မြို့နေပြည်သူများ စစ်ကောင်စီတပ်ဖွဲ့ နှင့် နီးကပ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန်လည်း သတိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency