စစ်ကိုင်းတွင် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို ပစ်သတ်ကာ ပစ္စည်းများအား ဖျက်ဆီးယူဆောင်သွား

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို ပစ်သတ်ကာ ပစ္စည်းများအား ဖျက်ဆီးယူဆောင်သွား

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ရှိ ကိုင်းပြင်၊ မြင်းဆည်၊ မြစ်ရိုး(၇)ရွာတန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်ဖျက်ဆီးပြီးနောက် အရပ်သား(၄)ဦးကိုလည်း ပစ်သတ်သွားကြောင်း Sagaing District Medical Team ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်း(၃)ကြောင်းဖြင့် အဆိုပါကျေးရွာများကို ဝင်ရောက်ဖျက်ဆီးပြီး မြင်းဆည်ကျေးရွာမှ အရပ်သား(၄)ဦးဖြစ်သည့် ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကိုတေဇောဦး၊ ကိုကျော်ထွန်းနိုင်တို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကြောင့် စစ်ကိုင်းမြို့နယ်၊ သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပါယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာကျေကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : Sagaing District Medical Team