ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးတပ်သားများ၏ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေကာ ၅ ဦးဒဏ်ရာရ

ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးတပ်သားများ၏ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး သေကာ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် အရှေ့ ပိုင်းရှိကျေးရွာမှ နေအိမ်တစ်လုံးပေါ် ကျရောက်ကာ ကလေးတစ်ဦးထိမှန်သေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့ရကြောင်း CGYDF-ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့ထံမှ သိရ သည်။

ယမန်နေ့ ဩဂုတ်လ (၁၄)ရက်နေ့မှစပြီး ဝမ်ပေါင်၊ ယန်စီတရုတ်ကုမ္မဏီမှ ကြေးပြားနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရန်အတွက် အောင်‌ဇေယျတပ်ကုန်းမှ မုံရွာ-ပုသိမ်လမ်း ဝမ်ပေါင်ကုမ္မဏီလမ်းဆုံအထိ ကင်းယူထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့်ကလေးမှာ အသက်(၁၂)နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး  အရပ်သား(၅)ဦးလည်းဒဏ်ရာရကာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံများ တိမ်းရှောင်ရန်လိုကြောင်း CGYDF-ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency