ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ ပျက်စီးမှုများပြီး အရပ်သား ၇ ဦးဒဏ်ရာရ

ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ ပျက်စီးမှုများပြီး အရပ်သား ၇ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၂)ရက်နေ့တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးကာ အရပ်သား (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"နံနက်(၁၁)နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ ဗုံးလာကြဲတာပေါ့။ တစ်လုံးက ဘုရားကျောင်းကိုမှန်တယ်၊ နောက်တစ်လုံးက နေအိမ်တွေကို ထိမှန်တယ်။ အရပ်သား ၇ ဦးကတော့ မစိုးရိမ်ရ ဒဏ်ရာရတယ်။"ဟု Chin National Defence Forceမှ ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngaiက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရမ်ထလိုနှစ်ခြင်းအသင်းတော် ဘုရားကျောင်းနှင့် အိမ်တချို့ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့လာရောက်ပစ်ခတ်ခြင်းသည် ယမန်နေ့ ဩဂုတ်လ (၁၁)ရက်က ဖလမ်းမြို့ရှိ စစ်ကောင်စီတပ် ခလရ(၂၆၈)ကို CNDF ကသွားရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Salai Cung Ngaiက မှတ်ချက်ပြုသည်။

#TachileikNewsAgency

Photo : Chin National Defence Force