စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ် ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ထွေအုပ်ရုံးကို ဒေကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဩဂုတ်လ (၅)ရက်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါရုံးတွင် တပ်စွဲထားသည့် ခမရ(၁၂၀)နှင့် တပ်မ(၃၃)တို့အား ယင်းနေ့ မနက်(၄)နာရီခွဲတွင် ကောလင်းခရိုင်အမှတ်(၁) တပ်ရင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးခေါင်မိုးပျက်စီးပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသဖြင့် နာရေးကားများ အဝင်၊ အထွက်လုပ်ခဲ့ကြရပြီး ထွေအုပ်ရုံးနှင့် ဆေးရုံဝင်းနေရာများကို ပြင်ပလူ အဝင်၊ အထွက်များ ပိတ်ပင်ထားခဲ့ကာ ဆေးရုံမှ ၄င်းတို့ခေါ်ယူသည့် ဆရာဝန်နှင့် စစ်ကောင်စီ ဆေးတပ်သားများမှအပ အခြားဝန်ထမ်းများအား ဝင်ခွင့်မပြုခဲ့ဟု Kawlin People Defense Force – KLPDFက ယနေ့ ဩဂုတ်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo : Kawlin People Defense Force – KLPDF