စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နှင့် ဒီပဲယင်းနယ်စပ်ရှိ ကျေးရွာများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံထောင်ချီပြီး ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။
ယမန်နေ့ည (၁၀)နာရီဝန်းကျင်က ရေဦးမြို့မှ စစ်ကာင်စီတပ်သားများသည် ကားကြီး(၄)စီးဖြင့် အင်အားများချကာ ရေဦးနယ်တောင်ခြမ်း ရွာသာလေး၊ ဇိန့်ဇွန်းကျေးရွာများတစ်ဝိုက်ကို စစ်ကြောင်းထိုးလာမှုကြောင့် ရေဦးနယ်တောင်ခြမ်း ဒီပဲယင်းနယ် အရှေ့ခြမ်းကျေးရွာနေ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
လက်ရှိတွင် အရေးပေါ်စစ်ဘေးရှောင်များအတွက် အကူအညီများပေးပို့နိုင်ရန် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က လုပ်ဆောင်နေပြီး အကူအညီများ လိုအပ်နေသည်ဟုသိရသည်။
#TachileikNewsAgency
Photo : ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး