သံအမတ်ကြီး ဦးကျော်မိုးထွန်းထံ အင်ဒီယားနား ပြည်နယ်မှ အမေရိကန် - မြန်မာ ကျောင်းသားများ လာရောက် တွေ့ဆုံ

သံအမတ်ကြီး ဦးကျော်မိုးထွန်းထံ အင်ဒီယားနား ပြည်နယ်မှ အမေရိကန် - မြန်မာ ကျောင်းသားများ လာရောက် တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှ ကျောင်းသားများ နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နယူးမြောက်ရှိ ဦးကျော်မိုးထွန်း၏ ရုံးခန်းတွင် ၂၀၂၃ခုနှစ် အမေရိကန်ဒေသစံတော်ချိန် ဇူလိုင်လ(၂၁)ရက်နေ့တွင် တွေ့ဆုံကာ မြန်မာ့အရေး မြန်မာ့တော်လှန်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား (၄၀)ကျော်မှ သွားရောက် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကျောင်းသားအဖွဲ့များကို ကုလသမ္ဂဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးနောက် လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးအခင်းအကျင်း ကိစ္စရပ်များကိုလည်း ရှင်းလင်းပြောပြရာ ကျောင်းသားများက ၎င်းတို့ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေး မေးမြန်းခဲ့ကြကြောင်း သိရသည်။

အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie u  မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး​ ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်းနှင့် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ကတိပေးကြောင်း ဆွေးနွေးပြောကြားခဲ့ဟု သိရသည်။

တွေ့ဆုံမှုအပြီးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခုလို လာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်ဖြစ်ကြောင်း နှင့် မြန်မာ့နွေဦးတော်လှန်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် တတ်နိုင်သည့်ဘက်ကနေ ပြန်လည်ကူညီပေးကြစေလိုကြောင်းလည်း အမှာစကားပါးပြောကြားလိုက်ကြောင်း သိရသည်။ 



ယခုလို လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director - Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director - Lian Sang, MP - U Zaw Thein, Program Coordinator:  Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြကြောင်း သိရသည်။

 

Photo:  KyawSoe Latt