စစ်ကောင်စီပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို ဦးအောင်ဆန်းဦး တက်ရောက်

စစ်ကောင်စီပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို ဦးအောင်ဆန်းဦး တက်ရောက်

သမီးဖြစ်သူကို ထောင်ထဲထည့်ကာ စစ်ကောင်စီက ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီး ဦးအောင်ဆန်းဦး တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄)ကို ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သြဂုတ်လအတွင်းက ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေဆိုင်ခွဲဝေမှုအပေါ် နောက်ဆုံး အထူးအယူခံကို  တင်သွင်းခဲ့သည်။

ထို့နောက် ဦးအောင်ဆန်းဦး တင်သွင်းခဲ့သည့် နောက်ဆုံးအထူးအယူခံကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံ၍ ဦးအောင်ဆန်းဦး၏ တောင်းဆိုချက်အတိုင်း အနိုင်ပေးခဲ့သည်။ 

ဦးအောင်ဆန်းဦး၏ တောင်းဆိုချက်မှာ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည့် ခြံအမှတ် (၅၄)အား လေလံတင်ရောင်းချ၍ ရရှိသည့်ငွေအား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဝက်စီခွဲယူရန် ဖြစ်သည်။

NUGကမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄-၅၆)အား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ၂၀၂၂ခုနှစ် စက်တင်ဘာ (၂)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်းအမှု(၁၉)မှုနှင့် စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း (၃၃)နှစ် ပြစ်ဒဏ်အမိန့်ချထားသည်။

လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦးတွင်ထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency