ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးသွား

ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီးသွား

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်လာသည့် စစ်ကောင်စီတပ်က ရွာအတွင်းရှိ နေအိမ်များနှင့် ကုန်စုံဆိုင်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ၃၆၀၁ တပ်ရင်းထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် လက်ပံခုံးကျေးရွာမှ အရပ်သားများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ တောင်ခမောက်ရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် နေအိမ်များကို ထုရိုက်ဖျက်ဆီးခြင်း၊ ကုန်စုံဆိုင်နှင့် နေအိမ်တစ်လုံးအတွင်းဝင်ရောက်၍ မျိုးစပါးနှင့် ပဲဂိုဒေါင်အား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ခြောက်များအား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် တန်ဖိုးကြီးပစ္စည်းအချို့ကို ယူဆောင်ခြင်းများ လုပ်ဆောင်သွားကြောင်း သိရ သည်။

ထို့အပြင် ရွာလမ်းတလျှောက်ရှိ နေအိမ်များမှ မွေးမြူထားသောကြက်များနှင့် ဝက်တစ်ကောင်ကိုလည်း သတ်ဖြတ်ကာ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo : Paungde People Defense Force-PPDF