မကွေးတိုင်းရှိ စစ်ကောင်စီတပ်၏ မကွေးလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုံး (၅)လုံးဖြင့် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းထံမှ သိရသည်။
မကွေးလေတပ်စခန်းအား ရှော့တိုက်ဒုံး(၅)လုံးဖြင့်ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ပေါက်ကွဲမှုမရှိခဲ့ဘဲ ကျန်လေးလုံးမှာ လေတပ်စခန်းအား ထိရောက်အောင် ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ရှော့တိုက်ဒုံးမှာ ဆီဂိုဒေါင်အားထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကို MKCDF(Mountain Knights Civilians Defence Force)၊ မကွေးခရိုင်အမှတ်(၂)တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး ပကဖ တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency