NUG နှင့် တီမောသမ္မတတို့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

NUG နှင့် တီမောသမ္မတတို့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးများနှင့် အရှေ့တီမောသမ္မတ Jose Ramos-Hortaတို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့က နယူးယောက်မြို့တွင် တွေ့ဆုံ၍ မြန်မာနွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း NUGထံမှ သိရသည်။

(၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် ရောက်ရှိနေသည့် တီမောသမ္မတသည် မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် ထိရောက်သည့်အကူညီများ အမြန်ဆုံးရရှိစေရေး နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုချက်များအား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်ဟုလည်း သိရ သည်။ 

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တီမောနိုင်ငံသည် NUG အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကြောင့်ဟုဆိုကာ စစ်ကောင်စီက မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများကို စက်တင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်သွားရန် ပြီးခဲ့သည့် ဩဂုတ်လ (၂၅)ရက်နေ့က အကြောင်းကြားစာပေးပို့ခဲ့သည်။

#TachileikNewsAgency