တီမောလက်စတေး သမ္မတသစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံ

တီမောလက်စတေး သမ္မတသစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံ

တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ် သမ္မတ ဟိုဆေး ရားမို့စ်ဟော်တာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ Facebookတွင် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ NUGအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ်၏ တရားဝင် ဖိတ်ကြားချက်အရ ကျမ်းသစ္စာကျိန်ဆိုပွဲသို့  ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့က တက်ရောက်ခဲ့သည်။

#TachileikNewsAgency

Photo : Presidência da República Democrática de Timor-Leste