ဆင်မြီးဆွဲမြို့တွင် နယ်ထိန်းတစ်ဦးနှင့် အငြိမ်းစားရဲအရာရှိတစ်ဦး ပစ်ခတ်ခံရ

ဆင်မြီးဆွဲမြို့တွင် နယ်ထိန်းတစ်ဦးနှင့် အငြိမ်းစားရဲအရာရှိတစ်ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်း သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့တွင် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲ ဦးကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်တို့ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းတို့သည် ဆိုင်ကယ်စီးလာစဉ် မြို့ ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ခဲ့ခြင်းကြောင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်မှာ ကျောပေါက်ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးပြီး ဆင်မြီးဆွဲမြို့ရဲစခန်းမှ နယ်ထိန်း ဦးကျော်ကျော်မှာ ပြင်းထန်ဒဏ်ရာဖြင့် ပြည်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

နယ်ထိန်းကျော်ကျော်သည် ခရီးသွားပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး၍ မတရားငွေတောင်းခံခြင်း၊ မရှိဆင်းရဲသားပြည်သူများကိုလည်း မတရားဖမ်းဆီးနှိပ်စက်ခြင်း အပါအဝင် မတရား အမှုဆင်ဖမ်းဆီး၍ ထောင်ချခြင်းများပြုလုပ်နေကြောင်း ပြည်သူများမှ တိုင်တန်းလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၆၀၂) သဲကုန်းမြို့နယ် TPDF တပ်ခွဲ(၄)ထံမှ သိရသည်။

ပစ်ခတ်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၆၀၂) သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၄)TPDF နှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၆၀၁) PPDFတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency