မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရဲစခန်း အပါအဝင် ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ယာရှိ စစ်တပ်စခန်းတို့ကို မနေ့က ၂၀၂၃ခုနှစ် ‌ဇွန်လ (၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းနေရာများကို Shar Htoo WAW နည်းပညာတိုက်ခိုက်ရေး Fixed Wing Droneများ အသုံးပြု၍ Air Bomb (၉)လုံး၊ (၄၀)မမ ဗုံးသီး(၁၇)လုံး ၊ Rocket MSPDF ထုတ်(၈)လုံးနှင့် လက်နက်ငယ် ကျည်မျိုးစုံတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF၊ Myaung Special Drone Foece-MSDF၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း MHLG PDF၊ မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်း၊ Burmese Guerrilla Force-BGF၊ T.G.Rနှင့် CHU PDFတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိခဲ့သည်ဟုလည်း Myaung Special Drone Force- MSDFက ယနေ့ ဇွန်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : Myaung Special Drone Force