စစ်ကောင်စီတပ်၏ လေ့ကျင့်ရေး ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်မှူး အပါအဝင် (၂)ဦး သေဆုံး

စစ်ကောင်စီတပ်၏ လေ့ကျင့်ရေး ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်မှူး အပါအဝင် (၂)ဦး သေဆုံး

 အာဏာသိမ်းစစ်ကောင်စီတပ်၏ လေတပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ရဟတ်ယာဉ်မှူး အပါအဝင် (၂)ဦး  သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ကနေ မိတ္ထီလာသို့ စစ်ကောင်စီတပ်၏ လေတပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် လယ်ဝေးမြို့နယ်အတွင်း လယ်ဒါကြီးကျေးရွာ၏ အနောက်တောင်ဘက် (၅)မိုင်ဝန်းကျင်အကွာသို့ အရောက်တွင် ရုတ်တရက် စက်ချို့ယွင်းပြီး မြေပြင်ပေါ်သို့ ပျက်ကြခြင်း ဖြစ်ကြောင်း စစ်ကောင်စီဘက်က ယနေ့ ညနေပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်ကို တွေ့သည်။

ယင်းသို့ သတင်းထုတ်ပြန်ထားသော်လည်း ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသည့် ရဟတ်ယာဉ်မှူး(၁)ဦး နှင့် သင်တန်းသား(၁)ဦးတို့၏ ရာထူးအဆင့်များကိုတော့ ဖော်ပြထားခြင်း မရှိပေ။

အဆိုပါ ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သား ရဟတ်ယာဉ်မှူး(၁)ဦး နှင့် သင်တန်းသား(၁)ဦးတို့ သေဆုံးသွားသလို ရဟတ်ယာဉ်လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။