စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ် သိမ်တော်ရပ်ကွက်ကိုမီးရှို့ပြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ (၈)ဦးခန့် ဖမ်းခံရ

စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ် သိမ်တော်ရပ်ကွက်ကိုမီးရှို့ပြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ (၈)ဦးခန့် ဖမ်းခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအနီးရှိ သိမ်တော်ရပ်ကွက်ကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ပြီး အနီးရှိကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သိရသည်။



စစ်ကောင်စီတပ်သည် ‌သိမ်တော်ရပ်ကွက်ကို မီးရှို့ပြီးနောက် အနီးရှိ ကျေးရွာများကို (၄၀)မမ၊ (၆၀)မမများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦးမှာ တင်ပါးထိမှန်ဒဏ်ရာနှင့် ကျန်တစ်ဦးမှာ လက်မောင်းထိမှန်ဒဏ်ရာများရရှိကြောင်း သိရသည်။



ဒါ့အပြင် နှင်းတောရွာမှ ဒေသခံ(၈)ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာကိုလည်းမီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများမှာ တိမ်းရှောင်နေကြရသည်ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီထံမှ သိရသည်။



#TachileikNewsAgency

Photo : ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ