KNDF စစ်ဗျူဟာအမှတ် ၇ မှ ရဲဘော် ၅၀၀ သင်တန်းဆင်း

KNDF စစ်ဗျူဟာအမှတ် ၇ မှ ရဲဘော် ၅၀၀ သင်တန်းဆင်း

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က တိုးချဲ့ဖွဲ့စည်းထားသော စစ်ဗျူဟာအမှတ်(၇)၏ အပတ်စဉ် (၁)အခြေခံ စစ်သင်တန်းဆင်းပွဲမှ ရဲဘော်(၅၀၀) သင်တန်းဆင်းကြောင်း သိရသည်။

ကရင်နီပြည်၊ ဒီမောဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာ၌ ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့က KNDF စစ်ဗျူဟာအမှတ် (၇)၏ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းရဲ‌ဘော်များမှာ ကရင်နီဒေသတွင်းမှ ရဲဘော်များ၊ရှမ်းပြည်နယ်တောင်ပိုင်းမှ ရဲဘော် (၂၀၀)ကျော်ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: 1008 Infantry-Southern Shan Revolution Youth