အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ပါမောက္ခ ရှောင်တာနယ်ကို ခန့်အပ်လိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့် (၁/၂၀၂၃)အရ အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးပြီး ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ် အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မစ္စတာရှောင်တာနယ်သည် NLDအစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းစဉ် (၂)နှစ်နီးပါးကြာ ဖမ်းဆီးခံလိုက်ရပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၁၇)ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
ဒေါ် အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးလုပ်ခဲ့သူ ရှောင်တာနယ်ကို ကြားကာလ ဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် NUGခန့်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024