နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တ လေးမြို့ ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)သည် ၂၀၂၃ခုနှစ် မေလ(၂၅)ရက်နေ့ ည(၁၁)နာရီ (၁၁)မိနစ်အချိန်က ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဗန်းမော်ဆရာတော် ပျံလွန်တော်မူချိန်တွင် ဝါတော် (၇၄)ဝါ၊ သက်တော်(၉၄)နှစ်ရှိနေပြီဖြစ်ပြီး မန္တလေးမြို့တွင် ပျံလွန်တော်မူသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဗန်းမော်ဆရာတော်သည် ၁၉၄၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့တွင် ရှင်သာမဏေအဖြစ်သို့ စတင်ခံယူပြီးနောက် ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ နှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဌ အဖြစ် လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တသာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် လည်းကောင်း ၂၀၁၀ခုနှစ် ဇူလိုင်လက စပြီး ပျံလွန်တော်မမူချိန်အထိ သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့သည်။
#TachileikNewsAgency