မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး "ကျောက်ပန္ဒူ"နှင့် "မြင်းလွှတ်"ရွာကြားအနီးမှ ဖြတ်ကျော်နိုင်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး "ကျောက်ပန္ဒူ"နှင့် "မြင်းလွှတ်"ရွာကြားအနီးမှ ဖြတ်ကျော်နိုင်

 မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး "ကျောက်ပန္ဒူ"နှင့် "မြင်းလွှတ်"ရွာကြားအနီးက ဝင်ရောက်ဖြတ်‌ ကျော်နိုင်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ၂၀၂၃ခုနှစ်၊ မေလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ‌ရေးသား ဖော်ပြကာ အသိပေးထားသည်။

ယင်းနေရာသည် စစ်တွေမြို့၏ မြောက်ဘက်(၃၈)မိုင်ခန့်သာ ဝေးပြီး မုန်တိုင်း၏ အတွင်းဗဟိုစက်ဝန်း အချင်းသည် မိုင် ၁၀၀ ကျော်၊ မုန်တိုင်းပြင်းအားအမြင့်ဆုံး အတွင်းစက်ဝန်းအရွယ်အစားမှာ မိုင် ၂၀၀ ကျော်ဖြစ်သဖြင့် စစ်တွေမြို့၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲအထိ မုန်တိုင်းပြင်းအားမြင့် အတွင်းစက်ဝန်း၏ လေတိုက်ခတ်မှုကို ခံရမည်ဟု ဆိုသည်။

မုန်တိုင်းကု န်းတွင်းဝင်မည့် အချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၁၂၀ ကျော်ဖြင့် ဝင်‌ရောက်နိုင်ပြီး မုန်တိုင်း ဒီလှိုင်းရိုက်ခတ်နိုင်မှု အခြေအနေက စစ်တွေအနီးဝန်းကျင်၌ ၂ မီတာခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသ၊ မွန်ပြည်နယ်ကမ်းရိုးတန်း(ရေးမြို့အထိ)တွင် ၀.၅ မီတာမှ ၁ မီတာခန့် ရှိနိုင်မည်ဟု ဆိုသည်။ 

မုန်တိုင်းကုန်တွင်းပိုင်းကို ဝင်ရောက်ချိန်တွင် ရခိုင်ရိုးမတောင်တန်း နှင့် ချင်းတောင်တန်းများ၏ မြေမျက်နှာသွင်ပြင်ကြောင့် အလျင်အမြန် အားလျော့သွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးမြို့ပေါ်အထိ ရောက်လာနိုင်ကာ အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်ထားသည်။

 

Photo: Win Naing