တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုအတွင်း ရက်ပေါင်း (၂၀)ကျော်အကြာ စစ်ကြောင်းထိုးပြီး ပြန်လည်ဆုတ်ခွာသွားသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကြောင်းအား အပြန်လမ်းတွင် မဟာမိတ်တပ်ပေါင်းစုများက မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုများကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၂၀၂၃ခုနှစ် မတ်လ(၂၈)ရက်နေ့က စပြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာသို့ စစ်ကြော်ငးထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ အဖွဲ့သည် သိန်ခွန်းရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားရာ ယနေ့ ဧပြီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မဟာမိတ်တပ်ပေါင်းစုနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေရင် ဆက်လက် ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို သိန်ခွန်းရွာ နှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ်တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့၏ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံးသူများပြားကြောင်း သိရသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားရာနေရာမှာ တော်လှန်ရေးအင်အားစုများမှ သွားလာခွင့် ယာယီတားမြစ်ထားသည့် ထုံခါ - မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိပြီး မြိတ် - တနင်္သာရီ-ဘုတ်ပြင်းလမ်းအပိုင်းကိုလည်း ယခင် တားမြစ်ထားသည့် အတိုင်း ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အသုံးပြုခွင့် မပြုသေးကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံ အသိပေး မေတ္တာရပ်ခံထားသည်။