ပုလဲမြို့နယ်အတွင်း မင်းတိုင်ပင်ရွာရှိ NUG ကြားကာလပညာရေး စာသင်ကျောင်း အပါအဝင် နေအိမ် ( ၈ ) လုံးကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက် မီးရှို့ ဖျက်ဆီးသွား

Photo: Pale Jokers PDF
Photo: Pale Jokers PDF
ပုလဲမြို့နယ်အတွင်း မင်းတိုင်ပင်ရွာရှိ NUG ကြားကာလပညာရေး စာသင်ကျောင်း အပါအဝင် နေအိမ် ( ၈ ) လုံးကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက် မီးရှို့ ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာရှိ NUG အစိုးရ၏ ကြားကာလပညာရေး စာသင်ကျောင်းအပါအဝင် နေအိမ် (၈)လုံးကို အာဏာသိမ်းစစ်အုပ်စုက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Pale Joker တပ်ဖွဲ့ထံမှ သိရသည်။

စစ်အုပ်စုသည် မင်းတိုင်ပင်ရွာရှိ စာသင်ကျောင်းဆောင် (၂)ဆောင်၊ ဆရာနားနေ‌ဆောင် (၁)ဆောင်နှင့် လူနေအိမ်(၈)လုံးကို မီးရှို့ဖျက်ခဲ့ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်အုပ်စုသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင်ကာ ပုလဲမြို့ကို လှည့်ပတ်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာ တလျှောက်တွင်လည်း ဓါးစားခံအဖြစ် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ကိုင်းတွင်းရွာမှ ဒေသခံပိုင်ပစ္စည်းများကို ပျူစောထီးများက ခိုးယူသွားပြီး ကိုင်းတွင်းရွာ လူနေအိမ် (၃) လုံးနှင့် မီးစက်တို့ကို မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင် ၎င်းတို့ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောက်ဖျာကန်ရွာ ရေကန်တဲပေါ်ကျရောက်ပြီး ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ(၁၈)ရက်နေ့၏ ညနေ(၃)နာရီခွဲဝန်းကျင်ကလည်း အာဏာသိမ်းစစ်အုပ်စု၏ စစ်ကြောင်းသည် နှောရိုးရွာ လူနေအိမ်(၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဇီးဖြူကုန်းရွာရှိ ပျူစောထီးစခန်း၌ တပ်စွဲနေကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် တုံးကန်ရွာ၊ နှောရိုးရွာအပါအဝင်  ကျေး ရွာများမှ ဒေသခံ (၆၀၀၀)ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။