ကလေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ (၂၂၈)တပ်ဝန်းမှ မိသားစုများ စစ်ကား (၁၂)စီးဖြင့် ကလေးဝလမ်းဘက် ထွက်ခွာ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ အမှတ်တံဆိပ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ အမှတ်တံဆိပ်
ကလေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ (၂၂၈)တပ်ဝန်းမှ မိသားစုများ စစ်ကား (၁၂)စီးဖြင့် ကလေးဝလမ်းဘက် ထွက်ခွာ
ဇန်နဝါရီ 13, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) လက်အောက်ခံ အမှတ်(၂၂၈)ခြေလျင်တပ်ရင်း၏ တပ်တွင်းမှ အမျိုးသမီးများ၊ ကလေးများ ပါဝင်သည့် မိသားစုများပါသည့် စစ်ကား (၁၂)စီး ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့ နံနက် (၆)နာရီဝန်းကျင်တွင် တပ်ဝန်းထဲမှနေ၍ ကလေးဝလမ်းဘက်သို့ ထွက်ခွာသွားကြကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့ရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ဒေသအနှံ့အပြားတွင် လုပ်နေ၍ ဒေသခံများက အခြေအနေကို စောင့်ကြည့်နေကြရကြောင်း သိရသည်။