လေကြောင်းရန်ကို ကြိုတင် ကာကွယ်နိုင်ရန် ‌NUG က လေကြောင်းကင်း ထောက်များ ဖိတ်ခေါ်

လေကြောင်းရန်ကို ကြိုတင် ကာကွယ်နိုင်ရန် ‌NUG က လေကြောင်းကင်း ထောက်များ ဖိတ်ခေါ်
ဖေဖော်ဝါရီ 16, 2023 | 2021 Military Coup

 မြေပြင်တွင် မနိုင်သဖြင့် လေကြောင်းကို အဓိက အားထားအသုံးပြုကာ ဗုံးကြဲနေသည့် အာဏာသိမ်းစုအုပ်စု၏ လေကြောင်းတိုက်ခ်ုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရန် ဒေသအသီးသီးမှ လေကြောင်းကင်းထောက်များ အလိုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါ ရီလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်အုပ်စု၏  လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ပြည်သူများကို ဖိတ်ခေါ်အပ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားဖြင့် ကာကွယ်ရန် လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုသည့် တာဝန်သိပြည်သူများအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့်အောက်ပါ https://t.me/MASurveillance24 သို့ ဆက်သွယ် သတင်းပေးပို့ကြရန်တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ စစ်လေယာဉ် ထွက်ခွာမှု ခြေအနေများနှင့် ပတ်သက်၍လည်း ကိုလည်း Telegram တွင် Enemy Air Route Channel ( https://t.me/enemyairroute )၌လည်း အခြေနှင့်တပြေးညီ သိရှိနိုင်မည်ဖြစ်သည်။