အာဏသိမ်းကာလ (၂)နှစ်အတွင်း KNU အုပ်ချုပ်နယ်မြေတွင် အာဏာသိမ်းစစ်အုပ်စုဘက်က (၇၀၀၀)နီးပါး သေဆုံးခဲ့ 

 ပုံအညွှန်း - KNU အုပ်ချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲက ကော်ဘရာ စစ်ကြောင်း ( Cobra Column )မှ ထုတ်ပြန်ထားသည့် ပုံ  ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အုပ်ချုပ်နယ်မြေတွင် (၂)နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း (၈၀၃၈)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်း စစ်အုပ်စုဘက်က (၆၈၇၆)ဦး သေဆုံးကြောင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် KNU ဗဟိုက သတင်းထုတ်ပြန်လာသည်။ 

 ပုံအညွှန်း - KNU အုပ်ချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲက ကော်ဘရာ စစ်ကြောင်း ( Cobra Column )မှ ထုတ်ပြန်ထားသည့် ပုံ  ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင် စစ်အုပ်စုမှ အာဏာသိမ်းယူပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်အထိ (၂)နှစ်အတွင်း ကရင်အမျိုးသားလွတ်ရေးတပ်မတော်( Karen National Liberation Army - KNLA )၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (  Karen National Defense Organization - KNDO ) တို့နှင့် နေ့စဥ်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ (၂)နှစ်အတွင်း တပ်မဟာ(၁)နယ်မြေ၌ တိုက်ပွဲပေါင်း (၈၀၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၁၅၂၆) ဦးသေကြောင်း သိရသည်။

တပ်မဟာ (၂)နယ်မြေ၌ တိုက်ပွဲပေါင်း  (၂၇၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၅၀၅)ဦးသေဆုံးကာ တပ်မဟာ (၃)နယ်မြေ ၌ တိုက်ပွဲပေါင်း (၅၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၆၀၆) ဦးသေကြောင်း သိရသည်။

တပ်မဟာ (၄)နယ်မြေအတွင်း တိုက်ပွဲပေါင်း (၁၃၁) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား(၂၅၉)ဦးသေဆုံးကာ တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲပေါင်း (၅၆၃၈) ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား(၂၇၆၀)ဦးသေကြောင်း သိရသည်။ 

တပ်မဟာ (၆)နယ်မြေအတွင်း တိုက်ပွဲပေါင်း (၆၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂၂၀)ဦးသေကြောင်း KNU ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

KNU ဘက်မှ (၂၁၉)ဦးကျဆုံးခဲ့ရပြီး (၆၀၅)ဦးမှာ ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

(၂)နှစ်တာ ကာလအတွင်း၌  မြေပြင်တွင် အထိနာသည့် အာဏာသိမ်းစစ်အုပ်စုသည် လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်သည့် အကြိမ်အရေအတွက်မှာလည်း များပြားကြောင်း သိရသည်။

ပုံအညွှန်း - KNU အုပ်ချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲက ကော်ဘရာ စစ်ကြောင်း ( Cobra Column )မှ ထုတ်ပြန်ထားသည့် ပုံအချို့ ဖြစ်သည်။

Photo: ကော်ဘရာ စစ်ကြောင်း ( Cobra Column )