လားရှိုးမြို့တွင် လျှပ်စစ်ပြန်လည်ရရှိရေး MNDAA လုပ်ဆောင်နေ 

လားရှိုးမြို့တွင် လျှပ်စစ်ပြန်လည်ရရှိရေး MNDAA လုပ်ဆောင်နေ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဓာတ်အားပေးဝေမှုစနစ်အား အထူးဒေသ ရေအားလျှပ်စစ်ကုမ္ပဏီမှ ပြုပြင်ပေးနေကြောင်း MNDAA က ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့တွင် ဖော်ပြသည်။



လားရှိုးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ရန်အတွက် လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်ပြန်လည်ရရှိရေး ဦးစားပေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေသည်ဟု ဆိုသည်။ 

လတ်တလောတွင် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရေးနှင့် လားရှိုးမြို့ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ကိုက်ညီစေရန် အထူးဒေသ (၁) ရေနှင့်လျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်း(၁၀)ဦးက ဒေသခံဝန်ထမ်းများနှင့် လားရှိုးမြို့တွင် 33KV ပင်မလိုင်းအား ပြုပြင်ရန် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။ 

ပျက်စီးသွားသော တိုင်များကို အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည်သွယ်တန်းပေးမည်ဖြစ်ကာ သက်ဆိုင်ရာ လုပ်ငန်းများကို ရက်အနည်းငယ်အ တွင်း ပြီးစီးနိုင်မည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网