KNU ၏ ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကျင်းပခွင့်မပြု

KNU ၏ ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကျင်းပခွင့်မပြု
ဇန်နဝါရီ 20, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းရုံး(KNU)ထိန်းချုပ်နယ်မြေဖြစ်သည့် ဖားအံမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကျင်းပခွင့် မပြုကြောင်း ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် KNU - ကရင်အမျိုးသားအစည်းရုံး၏ ဖားအံမြို့နယ်အလုပ်မှုဆောင်ကော်မတီက သတင်းထုတ်ပြန်လာသည်။

အလုပ်အမှူဆောင်ကော်မတီ အနေဖြင့် စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအား လုံးဝ အယုံကြည် မရှိကြောင်း၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီမှ ရွေးကောက်ပွဲ ကျင်းပခြင်းအား ခွင့်မပြုကြောင်းနှင့် တားမြစ်ထားသည့်ကြားမှ ဆောင်ရွက်လာပါက ဖော် ထုတ်ပြီး ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်း ထုတ်ပြန်ထား သည်။

စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲတရပ် ကျင်းပပြီး ပြည်သူလူထုနှင့် နိုင်ငံတကာအား လှည့်ဖျားနိုင်ရန် ပြင်ဆင်ကြိုး   ပမ်းနေခြင်းသည် ၎င်းတို့ အဓမ္မသိမ်းယူထားသော တိုင်းပြည်အာဏာအား ပြည်သူလူထုအများစုမှ အပ်နှင်းသယောင်ဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟုလည်း ဆိုသည်။

ဒါ့အပြင် ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲမှ ပြည်သူအများ၏ ဆန္ဒသဘောထားအား ဆန့်ကျင်ကာ စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲလုပ်ရပ်များမှာ ရေရှည်ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။