ဒေသခံများ ချစ်ခင်လေးစားကြသည့် ဖလမ်းဆေးရုံအုပ်ကြီး ကြိုးဆွဲချသေဆုံး 

ဒေသခံများ ချစ်ခင်လေးစားကြသည့် ဖလမ်းဆေးရုံအုပ်ကြီး ကြိုးဆွဲချသေဆုံး 
စက်တင်ဘာ 28, 2022 | အခြားဒေသများ

 ချင်းပြည်နယ်အတွင်း ဖလမ်းမြို့နယ်ပြည်သူ့ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန်သည် ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက   ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အသက်(၄၁)နှစ် ဝန်းကျင်ရှိ ဆေးရုံအုပ်ကြီးသည် လူချစ်သူခင်ပေါပြီး ဖလမ်းပြည်သူများအတွက် တာဝန်ပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးရုံအုပ်ကြီး ဖြစ်ကြောင်း သိသည်။

ဆေးရုံအုပ်သည် ကိုဗစ်ကာလအတွင်း ဖလမ်းမြို့နယ်ရှိ လူနာများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် ၂၀၂၀ ခုနှစ် ဖလမ်းမြို့စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒေသထုတ် Chinland Herald သတင်းက ဂုဏ်ပြုခဲ့သေးသည်ဟု ဆိုသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာ တလွန်ကျုံးထန်သည် မည်သည့်ကိစ္စကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရသော်လည်း ၎င်းသည်  လူချစ်လူခင်ပေါများသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။ 

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ဖလမ်းဒေသခံများနှင့် ၎င်း၏ အသိမိတ်ဆွေများက လူမှုကွန်ရက်များပေါ်တွင် စိတ်မကောင်းကြောင်း များစွာ ရေးသားထားသည်ကိုလည်း တွေ့ရသည်။