စက်တင်ဘာ 27, 2022 | 2021 Military Coup
စစ်ကိုင်းတိုင်း၊ တမူးမြို့ဝန်းကျင်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့၌ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ (၃)ဦးသေဆုံးသွားသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း တမူးဝန်းကျင်တွင် တိုက်ခိုက်မှုများဖြစ်ပွားမှုစိပ်လာပြီး စစ်ကောင်စီတပ်က ချောဆွဲခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများရှိနေ၍ အများပြည်သူအနေဖြင့် တမူး - ကလေးလမ်းအား အသုံးပြုခြင်းကို သတိထားကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၄)က သတိပေးထားသည်။