ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်တလုံးရွာအထက်ဘက်သို့ ယနေ့ဩဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦးနှင့် အရာရှိ (၂)ဦး အပါအဝင်(၆)ဦးထက်မနည်းသေပြီး အများအပြားဒဏ်ရာရသွားကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်လာသည်။
တစ်လုံးရွာ၏ အထက်ဘက်သို့ စစ်ကြောင်းလိုက်ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖြစ်သည့် ခမရ ၄၁၅၊ ခလရ ၁၀ မှ အင်အား ( ၇၅ )ဦးဝန်းကျင်ကို KIA အမှတ်(၅) တပ်ရင်းမှ ဗိုလ်နေရောင်အဖွဲ့က ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၆)ဦး ထက်မနည်း သေဆုံးပြီး(၁၀)ထက်မနည်း ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်များသည် ဒေသခံ ရွာသားများအား ဓားစာခံများအဖြစ် ခေါ်ထားပြီး သေဆုံးသွားသူများထဲက အရာရှိ (၃)ဦး၏ အလောင်းများကို မီးသင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။