ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၌ ၂၀၂၂ခုနှစ် ဩဂုတ်လ(၉)ရက်နေ့ ည(၇)နာရီ(၄၄)မိနစ်ဝန်းကျင်အချိန်က (၃)စက္ကန့်အတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရမှု ဖြစ်ပွားခဲ့သည်။
ခိုးခံရသည့် ဆိုင်ကယ်မှာ Wave 100 အနက်ရောင်ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။
ယခု CCTV မှာ အွန်လိုင်းတွင် ပျံ့နှံ့နေခြင်းဖြစ်ပြီး CCTV မှတ်တမ်းတွင် ပါရှိသည့် ဆိုင်ကယ်သူခိုးများကို မြင်ဖူးသူများက ၎င်းတို့သည် ရဲစခန်းကို အဝင်အထွက်လုပ်နေသူများဖြစ်ကြောင်း နှင့် တောင်ကြီးမြို့တွင်း အခြားနေရာများတွင် ဆိုင်ကယ်ခိုးခံရမှုများဖြစ်ပွားခဲ့ရာ CCTV မှတ်တမ်းအရ ၎င်းတို့နှင့်တူကြောင်း ကော်မန့်တွင် ရေးသားထားသည်ကို တွေ့ရသည်။
တောင်ကြီးမြို့တွင် ဩဂုတ်လ(၉)ရက်နေ့ ည(၇) နှင့် (၈)နာရီအကြားတွင် နေရာ(၂)နေရာ၌ ဆိုင်ကယ် (၂)စီး ခိုးခံခဲ့ရသည်။
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ ဒေသနှင့် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော်လည်း ယခုလို ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနခြင်းကို သက်ဆိုင်ရာများက ဖမ်းဆီး နှိမ်နှင်းနိုင်ခြင်းမရှိဘဲ စစ်တပ်ကို ဆန့်ကျင်သူများကိုသာ ဖမ်းဆီးနေခြင်း ဖြစ်သည်။
#TachileikNewsAgency