ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက် Burger House စားသောက်ဆိုင်အနီးမှာရှိတဲ့ ရှမ်းပြည်နယ်တရားသူကြီးချုပ်ဦးကြွယ်ကြွယ်ရဲ့ နေအိမ်ခြံဝန်းအတွင်း လူမနေတဲ့ အိမ်မှာ မီးလောင်မှု ဖြစ်ပွားတယ်လို့ သိရပါတယ်။
အဲ့ဒီမီးလောင်မှုဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ ည(၆)နာရီကျော်က မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ည(၆)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် မီးငြိမ်းကြောင်း သိရသည်။
မီးလောင်မှုမဖြစ်မီက ပေါက်ကွဲသံကြားရပြီးနောက်မှာတော့ မီးလောင်တာကို အဝေးကနေ လှမ်းတွေ့ရတယ်လို့ ဒေသခံအချို့က ပြောပေမဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဘာကြောင့် လောင်တယ်ဆိုတာကတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။