စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်ဆင်၊ သတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူပိုင်နေ အိမ်(၁,၂၉၁)လုံး ပျက်စီးပြီး ပြည်သူ(၁၄၄)ဦးသေဆုံးခဲ့ရကြောင်း People Defense Force-Khin U က ၂၀၂၂ခုနှစ် မေလ(၁၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့် အကြိမ်ရေပေါင်း (၁၀၀)ထက်မနည်း ရှိပြီး မီးရှို့ခံရသည့် ကျေးရွာပေါင်း(၂၈)ရွာ၊ ဖျက်ဆီးခဲ့သည့် ကျေးရွာပေါင်း (၁၂)ရွာ၊ ချိတ်ပိတ်ခံရသည်နေ အိမ် (၃)အိမ် ရှိကြောင်း သိရသည်။
"စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း ဖမ်းဆီးပစ်ခတ် မီးရှို့ဖျက်ဆီး ယုတ်မာမှုများကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ နေရာအနှံ့ မြို့နယ်လုံးကျွတ် ကြုံတွေ့နေရပါသည်။"ဟု ထုတ်ပြန်ထားသည်။
ဒါ့အပြင် ကျဆုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် အာဇာနည်သူရဲ ကောင်းများ (၁၄၄)ဦး၊ ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူနှင့် သူရဲ ကောင်းများ (၁၀၁)ဦး၊ ဖမ်းဆီးခံရသူ (၁၀၀)ဦး ရှိကြောင်း သိရသည်။
နိုင်ငံ့အာဏာကို သိမ်းခံရပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများ နှင့် အမှုဖွင့်ဖမ်းဆီးမှုများ ပြုလုပ်နေရာမှ လက်နက်ကိုင်တော်လှန်ရေးအဖြစ်သို့ ရောက်ရှိလာပြီး တိုင်းနှင့်ပြည်နယ်များတွင် တော်လှန်ရေးစစ်သည်တော်များကို အမြစ်ဖျက်ချေမှုန်းရေးဟု ဆိုကာ ထိုးစစ်ဆင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း နှင့် ကျေးရွာနေပြည်သူများကို ဖမ်းဆီး နှိပ်စက်သတ်မှုများ လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို မထိန်းနိုင် မသိမ်းနိုင်တော့သည့် အခြေအနေထိ ဖြစ်လာ၍ ထိုးစစ်နှင့် ကြုံနေရသည့် ဒေသများနေ ကျေးရွာနေပြည်သူ အများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
Photo: KSO, CJ, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး