ဝမ်တွင်းမြို့နယ်လျှပ်စစ်ရုံး၏ ဝန်ထမ်းအိမ်ယာကို ဗုံးခွဲတိုက်ခိုက်

 ဝမ်တွင်းမြို့နယ်လျှပ်စစ်ရုံး၏ ဝန်ထမ်းအိမ်ယာကို ဗုံးခွဲတိုက်ခိုက်

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း ဝမ်တွင်းမြို့နယ်လျှပ်စစ်ရုံး၏ ဝန်ထမ်းအိမ်ယာ ယနေ့ ၂၀၂၂ခုနှစ် မေလ(၆)ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင် အချိန်က ဗုံးခွဲတိုက်ခိုက်ခံရခြင်းကြောင်း အဆောက်အဦး ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ဒေသကာကွယ်ရေး တပ်ပေါင်းစုအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

"လူထိခိုက်မှုတော့မရှိဘူး။ အစစ်အဆေးတွေများတယ်။ ဆိုင်ကယ် (၂)ဦး စီးမရဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မထ္တီလာခရိုင်အတွင်း၌ ယနေ့အထိ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသား(၂)ဦး စီးခွင့်မရသေးကြောင်း နှင့် ကျေးရွားဘက်အထိပါ ဆိုင်ကယ်တစ်စီတွင် အမျိုးသား(၂)ဦး စီးခွင့်မရဟု ဒေသခံများထံက သိရသည်။

#TachileikNewsAgency