မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီး မန္တလေး - မိုးကုတ်လမ်းမကြီးပေါ် Alpha ဘိလပ်မြေစက်ရုံအဝင်လမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။
"တိုက်ခိုက်မှုမှာ မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး စကစဘက်မှ အထိအခိုက် အကျအဆုံးများနိုင်ကြောင်း ကြားသိထားရပြီး နောက်ဆက်တွဲသတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ်(ပ.က.ဖ-မတ္တရာ)၏ လူမှူကွန်ယက်စာမျက်နှာမှတစ်ဆင့် ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။"ဟု မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးရေးဂိတ်ကို ယနေ့ ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ နံနက်(၂)နာရီ (၂၃)မိနစ်အချိန်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency