စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးနေရာရလာသည့် ဒေါ်သက်သက်ခိုင်ကို စစ်ကောင်စီက ဝန်ကြီးအဖြစ်မှ ထုတ်ပယ်လိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ (၆)လ သက်တမ်းထပ်တိုးပြီးနောက် စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းရာတွင် ဒေါ်သက်သက်ခိုင် ပါမလာတော့ခြင်းဖြစ်သည်။
ဒေါ်သက်သက်ခိုင်သည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့မှ ၂၀၂၃ ခုနှစ် သြဂုတ်လ (၃)ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။
ထို့နောက် ၂၀၂၃ ခုနှစ် သြဂုတ်လ (၃)ရက်နေ့တွင် စစ်ကောင်စီက ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနကို ပြောင်းရွှေ့ခိုင်းရာ ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ တာဝန်ထမ်းဆောင်ပြီး ဖြုတ်ခံလိုက်ရသည်။
စစ်တပ်အာဏာမသိမ်းမီ ဒေါ်သက်သက်ခိုင်သည် ဒီချုပ်ပါတီက ထုတ်ပယ်ခံရသဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်း၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်ရာ ရှုံးနှိမ့်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ဒေါ်သက်သက်ခိုင်၏ နေရာတွင် ဦးကျော်စိုးဝင်းကို အစားထိုးခန့်အပ်လိုက်သည်။
စစ်ကောင်စီ၏ အသစ်ပြန်လည်ခန့်အပ်သည့် ဝန်ကြီးဌာနများမှာ အလုပ်သမားဝန်ကြီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးတို့ကိုသာ ဖြုတ်ထုတ်လိုက်ခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:ရှေ့တန်းရောက် စစ်ကောင်စီ တပ်သားများအတွက် ဟိုတယ်ခရီးဝန်ကြီးဌာနမှ သွားရောက်လှူဒါန်းစဥ် (ပုံဟောင်း)