ဘန့်ဘွေးရာအနီး စခန်းချထားသည့် စစ်ကောင်စီနှင့်ပျူစောထီးများကို ဗိုလ်နဂါးအဖွဲ့က ဝင်ရောက်စီးနင်း

ဘန့်ဘွေးရာအနီး စခန်းချထားသည့် စစ်ကောင်စီနှင့်ပျူစောထီးများကို ဗိုလ်နဂါးအဖွဲ့က ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအနီးရှိ စခန်းတည် ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ယနေ့ ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရသူများပြားခဲ့ကြောင်း MRDA တပ်ဖွဲ့မှ ဗိုလ်နဂါးက ပြောသည်။

၎င်းတို့သည် ဘန့်ဘွေးရွာအနီး စခန်းချကာ မုံရွာ - ယာကြီးလမ်းကို အသုံးပြုသွားလာနေသည့် ခရီးသွားကားများနှင့် ဒေသခံများအပေါ် အနိုင်ကျင့်နေသဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လေတပ်စခန်းနှင့် (၇) မိုင်သာ ဝေးသည့်အတွက် နာရီဝက်မစ်ရှင်ဖြင့် တိုက်ခိုက်ကာ ဆုတ်ခွါခဲ့ကြောင်း သိရသည်။

အသေအပျောက် မသိရသော်လည်း (၈) နာရီအချိန်လောက်မှာ နမခ မှ ရွှေတောင်ဦးအတိုင်း စစ်ကားများ ဆင်းလာကာ အင်အားတိုးဖြည့်ထားခဲ့ပြီး ထိခိုက်၊ ကျဆုံးများအား ချက်ခြင်းသယ်ဆောင်သွားကြောင်း ဒေသခံများမှ သတင်းပေးပို့လာပါတယ်။

ဟု ဗိုလ်နဂါးက ဆိုသည်။

၎င်းတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA ) မှ ဦးဆောင်ကာ ချင်းတွင်းတော်လှန်ရေးတပ်ဖွဲ့ (CRF)၊ ကျောက်လုံးကြီးအဖွဲ့  (KLG) တို့ရဲ့ ပူပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

မကြာသေးမှီ ပြည်သူ့ဆိုင်ကယ်အား လုယူလာသည့် စစ်‌ကောင်စီ တပ်သားတစ်ဦးအား လက်နက်မဲ့ဝင်ရောက်လုံးထွေးသတ်ပုတ်ဖမ်းဆီးပြီး ဒေသခံ ယင်းမာပင်ခရိုင် ပကဖထံ အပ်နှံခဲ့သည်မှာလည်း ( MRDA ) ၏နဂါးစစ်သည်တော်တစ်ဦးပင်ဖြစ်ပါတယ်

ဟု ဆိုသည်။

ယခုနှစ်အတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်အနေဖြင့် အာဏာ သိမ်းစစ်ကောင်စီစခန်းကို ထိုးစစ်(၅)ကြိမ်၊ စစ်ကြောင်းတန်ပြန်ပျောက်ကြားထိုးစစ်(၇)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၈)ကြိမ်နှင့် အထက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။