ရေဦးတွင် ရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က ၄၀ မမဖြင့် ပစ်ခတ် 

ရေဦးတွင် ရွာကိုမီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်က ၄၀ မမဖြင့် ပစ်ခတ် 
အောက်တိုဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မစိုးရိမ်ရွာကို ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းက မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေဦးမှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် မစိုးရိမ်ကျေးရွာ၌ အထိုင်ချ၍ နေအိမ်များအား မီးရှို့နေစဥ် ဒေသကာကွယ်ရေးတပ်များက (၄၀)မမဖြင့် (၇)ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိုင်ချထားရာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို FRF အထူးလှုပ်ရှားအဖွဲ့၊ FRF ကြယ်ရောင်တပ်ခွဲ၊ ရွှေဘိုခရိုင်အမှတ်(၂၄)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း FRF အဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးတပ်များသည် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ(၃)ကြိမ်နှင့် (၄၀) မမဖြင့် ပစ်ခတ်မှု (၂)ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် (၁၀)ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု Freedom Revolution Forceက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency