ပုလဲမြို့နယ်အတွင်း ဇီးဖြူကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အပါအဝင် ပျူစောထီး (၂၀)ဦး သေဆုံး

ပုလဲမြို့နယ်အတွင်း ဇီးဖြူကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အပါအဝင် ပျူစောထီး (၂၀)ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းအား ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီနှင့် ပျူစောထီး(၂၀)သေ ပြီး M.R.D.A က ယနေ့မေလ(၁၂)ရက်တွင် သတင်းထုတ်ပြန် သည်။

မေလ (၁၀)ရက်နေ့က ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ဦးဆောင်၍ KUG ကိုယ်စားပြု G.Y.Zအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီနှင့်ပူစောထီးတို့ အဖွဲ့မှ (၂၀)ဦး သေဆုံးသလို  မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ပူးပေါင်းမဟာမိတ် KUG ကိုယ်စားပြု G.Y.Z အဖွဲ့မှ ပြည်သူ့ရဲဘော်(၁)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ မုံရွာ နမခမှ ရဟတ်ယာဥ်တစ်စီး ရောက်လာပြီး ၄၅ မိနစ်ကြာ လာရောက်ကူညီခဲ့သည့်အပြင် မြေပြင် တပ်ကူ စစ်ယာဥ်တန်းလည်း ထွက်လာခဲ့သော်လည်း ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A(ဆားလင်းကြီး)နှင့်အတူ တစ်ဇောက်ကန်းဘဂျမ်းအဖွဲ့တို့ပူးပေါင်း ၍ ဗုံးခွဲတိုက်ခိုက်ရာ ကားတစ်စီး မီးလောင်ကျွမ်းပြီး ပျက်စီးသွားခဲ့ ကြောင်း သိရသည်။

"ဇီးဖြူကုန်းပျူစခန်းကို စစ်‌ကောင်စီဘက်မှ ရဟတ်ယာဥ်ဖြင့် လာရောက်ကူညီခဲ့သော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၏ နဂါးစစ်သည်တော်များအနေဖြင့် ပျူစခန်းကျအောင်ဆက်လက်၍ ငရဲပြည်ပို့ခဲ့ပါသည်။"ဟု ထုတ်ပြန်ထားသည်။

ညနေပိုင်းတွင် မုံရွာ နမခ မှ ရဟတ်ယာဥ် ဒုတိယအကြိမ်ရောက်လာပြီး (၂၅)မိနစ်ခန့်ကြာ အပြင်းအထန် အကူညီလာပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းကို စစ်ကူရန် မေလ(၁၁)ရက်တွင် မုံရွာ နမခ မှ ထွက်လာသော ကားတန်းကိုလည်း ယင်းမာပင်မြို့နယ်၊  လည်ငေါက်ကျေးရွာတောင်ဘက်၌ မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) က ဗုံးခွဲတိုက်ခိုက်ရာ ကားတစ်စီး လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကားတန်းသည် ပုလဲမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။