ဝမ်းတွင်းမြို့နယ် ဆပ်ခင်းကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး

ဝမ်းတွင်းမြို့နယ် ဆပ်ခင်းကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး
အောက်တိုဘာ 31, 2021 | အခြားဒေသများ

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ဆပ်ခင်းကျေးရွာအတွင်းရှိ အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်အား ဒေသကာကွယ်ရေးအဖွဲ့များက ပူးပေါင်းပြီး ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာ၊ သာစည်၊ မလှိုင် နှင့် ဝမ်းတွင်းမြို့နယ်တို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစုများ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာခရိုင်အတွင်း အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်များကို ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစုများ ပူးပေါင်းပြီး ဖောက်ခွဲမှုများ လုပ်ဆောင်နေလျက်ရှိသလို အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟုဆိုသူများကိုလည်း သတိပေးမှုများ လုပ်ဆောင်နေလျက်ရှိသည်ဟု သိရသည်။