မြောင်မြို့နယ်အတွင်း မယ်မသော်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က ဒေသခံ တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ကာ နေအိမ်အချို့ကို ဖျက်ဆီးသွား

မြောင်မြို့နယ်အတွင်း မယ်မသော်ကျေးရွာတွင် အာဏာသိမ်းစစ်တပ်က ဒေသခံ တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ကာ နေအိမ်အချို့ကို ဖျက်ဆီးသွား
နိုဝင်ဘာ 4, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ မယ်မသော်ကျေးရွာအတွင်း အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်လာပြီး ဒေသခံတစ်ဦးကို သတ်ဖြတ်ကာ နေအိမ်အချို့ကိုလည်း ဖျက်ဆီးမှုများ လုပ်ဆောင်သွားကြောင်း Young Fighters People's Defence Force (YFPDF)က သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

မြောင်မြို့နယ်အတွင်း အင်အားများဖြင့် လှည့်လည်သွားလာနေသည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က မယ်မသော်ကျေးရွာသို့ ရောက်ရှိလာကာ လူတစ်ဦးကို ရိုက်နှက်မေးမြန်းပြီး သတ်ဖြတ်သွားသည့်အပြင် ကျေးရွာအတွင်းမှ နေအိမ်အချို့အတွင်းသို့လည်း PDF နှင့် သက်ဆိုင်သည်များကို ရှာဖွေမည်ဟုဆိုကာ ဝင်ရောက် ရှာဖွေ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် PDF များ ရှင်းလင်းရေးအတွက်ဟုဆိုကာ စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများအပြားသို့ ဝင်ရောက်ပြီး အကြမ်းဖက်မှုများ လုပ်ဆောင်နေလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။

သတ်ခံရသူ

 

Photo: YFPDF