ရန်ကုန်တွင် စစ်ယာဉ်အစီး(၂၀)ဝန်းကျင်ဖြင့် တပ်အပြောင်းအလဲ ပြုလုပ်

ရန်ကုန်တွင် စစ်ယာဉ်အစီး(၂၀)ဝန်းကျင်ဖြင့် တပ်အပြောင်းအလဲ ပြုလုပ်

 ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များ  မတ်လ (၂၉)ရက်နေ့  ည(၈)နာရီဝန်းကျင်က စစ်ယာဉ် အစီး(၂၀)ဝန်းကျင်ဖြင့် တပ်အပြောင်းအလဲ လုပ်ဆောင်နေကြောင်း ‌ဒေသခံများက ပြောသည်။

ယနေ့ညပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ အစီး(၂၀)ဝန်း ကျင်ပါ ယာဉ်တန်းရှည်ကို နေရာအချို့တွင် မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အစီး(၂၀)လောက်ရှိမယ်ထင်တယ်။ စစ်‌ခွေးမိန်းမတွေလည်း ပါတာ‌တွေ့တယ်။

ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းသည် အမြန်လမ်း - zero mile - ပြည်လမ်း - ကမ္ဘာအေးဘုရားလမ်း - ပါရမီလမ်း - ဝေဇယန္တာလမ်း- အထက်ပုဇွန်တောင်လမ်း - အောက်ပုဇွန်တောင်လမ်း - မဟာဗန္ဓုလတံတား - မင်းနန္ဒာလမ်း - ဧရာ၀ဏ်လမ်း - သန်လျင်ချဉ်းကပ်လမ်း - သံလျင်တံတား လမ်းကြောင်းအတိုင်း သန်လျင်မြို့သို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရသည်။