မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖလန်ကျင်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်၏ စီးပွားရေးဒေါက်တိုက်ဖြစ်သည့် Mytel တာဝါတိုင်အား Wundwin Township Revolution Force ( WTRF ) က ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် WTRF အတွက် (၁၂)တိုင်မြောက်အဖြစ် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၊ ဖလန်ကျင်းကျေးရွာရှိ Mytel တာဝါတိုင်အား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာရှင်တစ်စု နှင့် လက်ပါးစေ လက်အောက်ခံများ၊ ဒလန်များ နှင့် ပြည်သူအပေါ် ဖမ်းဆီးနှိပ်စက်သူများကို ရရာနည်းလမ်းများဖြင့် တိုက်ခိုက်တော်လှန်သွားမည်ဖြစ်ကြောင်း WTRF က အသိပေးထားရှိသည်။